Venerable Vishddha
Resident Monk – Bio summary
ဆရာတော်ဘဒ္ဒန္တ ဝိသုဒ္ဓ
နယူးဇီလန်နိုင်ငံ၊ ဟယ်မီတန်မြို့၊ ရတနာဒီပကျောင်းတော်ကြီး
ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓ ၏ ထေရုပ္ပတ္တိအကျဉ်းချုပ်
ဆရာတော်ဘဒ္ဒန္တ ဝိသုဒ္ဓ Venerable Vishddha
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် လက်ဆည်ကန်အုပ်စု ဒေါင်အိုကြီးရွာ အဖ ဦးနု အမိ ဒေါ်ခင်ရွှေ တို့မှ ဖွားမြင်ခဲ့ပါသည် ။ မွေးချင်းလေးယောက်တို့တွင် ပထမဆုံးသော သားဦးရတနာ ဖြစ်ပါသည်။
ရှင်သာမဏေဝတ်ပြီး ဒေါင်အိုကြီးရွာ သာသနသိပ္ပံကျောင်း ဆရာတော် ဦးသာဂရ ထံတွင် သဒ္ဒါ သင်္ဂြိုလ် စသော ပရိယတ္တိ အခြေခံ စာပေများကို သင်ယူခဲ့ပါသည်။
၁၃၄၀ ခုနှစ် သီတင်းကျွတ်လတွင် မကွေးမြို့ မဟာဓမ္မိကာရာမတိုက် ( မြောက်တိုက် ) သို့ ပရိယတ္တိ စာပေများ သင်ကြားရန် ရောက်ရှိခဲ့ပါသည်။
၁၃၄၀ ခုနှစ်မှ ၁၃၄၇ ခုနှစ်ထိ မကွေးမြို့ မဟာဓမ္မိကာရာမတိုက် တွင် ပရိယတ္တိစာပေများ သင်ကြား၍ အစိုးရ ပထမငယ် ပထမလတ် ပထမကြီးတန်းများကို အောင်မြင်ခဲ့ပါသည်။
၁၃၅၀ ပြည့်နှစ် ပထမဝါဆိုလပြည့်နေ့တွင် ပခုက္ကူ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ဘဒ္ဒန္တ နေမိန္ဒ ကို ဥပဇ္ဈာယ်ပြုလျှက် ပခုက္ကူမြို့ အမှတ် ၇ ရပ်ကွက် အာဇာနည်လမ်း ရဟန်းဒါယကာကြီးဦးဘိုကြည် ရဟန်းဒါယိကာမကြီး ဒေါ်ဌေး မိသားစု ( ဇေယျာသီရိပွဲရုံ )တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက် ရွှေလမ်း အောင်တော်မူကျောင်း ခဏ္ဍသိမ်တော်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
မကွေးမြို့ မဟာဓမ္မိကာရာမတိုက် ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ပဉ္စနိကာယ သာသနဗိမာန်ကျောင်းတိုက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ( အလယ်တိုက် ) များတွင် ဓမ္မာစရိယဆိုင်ရာ စာပေများ လေ့လာ သင်ကြားခဲ့ပါသည် ။
၁၃၆၁ ခုနှစ်တွင် အစိုးရ ဓမ္မာစရိယ စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး သာသနဓဇ ဓမ္မာစရိယဘွဲ့ကို ရရှိခဲ့ပါသည် ။
၁၃၆၂ ခုနှစ်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် ရွှေဥမင်ဆရာတော်ကြီး၏ ရွှေဥမင် ဓမ္မသုခ ရိပ်သာ၌ ၁ ဝါ
၁၃၆၅ ခုနှစ်တွင် ပင်းတယမြို့နယ် ဘဒ္ဒတောင်၌ ၁ ဝါ ဝါဆိုသီတင်းသုံး၍ တရားဘာဝနာများ လေ့ကျင့် ပွားများ အားထုတ်ခဲ့ပါသည်။
ဒေါင်အိုကြီးရွာ သာသနသိပ္ပံကျောင်း ပခုက္ကူမြို့ အောင်တော်မူကျောင်း ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်လမ်း သွေးဆေးကန်တိုက် တိစန္ဒဝိဟာရ စင်္ကာပူကျောင်းသစ် လက်ပံတန်းမြို့နယ် ရှမ်းစုရွာ ရှမ်းစုကျောင်းတို့၌ သီတင်းသုံးနေထိုင်ခဲ့ပြီး တပည့် ရှင်ငယ် ရဟန်းငယ်များကို ပရိယတ္တိ စာပေများ သင်ကြားပေးခြင်း ဒကာဒကာမများကို တရားဟောကြားခြင်း အခါအားလျော်စွာ တရားစခန်းများ ကျင်းပခြင်း စသည်တို့ဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။
၁၃၇၉ ခုနှစ် တန်ဆောင်မုန်းလတွင် နယူးဇီလန်နိုင်ငံ Auckland Myanmar Buddhist Association Trust ၏ ပင့်ဖိတ်ချက်အရ နယူးဇီလန်နိုင်ငံ ဟယ်မီတန်မြို့ ရတနာဒီပကျောင်းသို့ ပြည်ပ သာသနာ့ တာဝန်များ ထမ်းဆောင်ရန် ရောက်ရှိခဲ့ပါသည်။
Activities
Let’s work together to promote Buddhism and peace and harmony
Volunteers can make enquiry for Burmese Language teaching, Information Technology and Temple Services opportunities.