Venerable Tiloka Siri
Agga Maha Saddhamma Jotikadhaja
Chief resident monk at Burmese Buddhist Temple in Singapore
ဆရာတော်ဘဒ္ဒန္တ တိလောကသိရီ
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ
ဆရာတော်ဘဒ္ဒန္တ တိလောကသိရီ Venerable Tiloka Siri
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ, Agga Maha Saddhamma Jotikadhaja
ဆရာတော် ဦးတိလောကသိရီ သည် ၁၉၈၈ ခုနှစ် စင်္ကာပူနိုင်ငံ မဟာ သာသနရံသီ ကျောင်းတိုက် စတင် ဆောက် လုပ် သည်မှစ၍ ယနေ့ထက်တိုင် ကျောင်းထိုင် ဆရာတော် အဖြစ် တာဝန်ယူပြီး ကျောင်းတော်ကြီး ရေရှည် တည် တန့် ရေး နှင့် ထေရဝါဒ ဗုဒ္ဓသာသနာ ပြန့်ပွါး တိုးတက်ရေး လုပ်ငန်း များကို အားသွန် ခွန်စိုက် ဆောင်ရွက်နေသော ဆရာတော် တစ်ပါး ဖြစ် ပါသည်။
ဆရာတော် သည် ပခုက္ကူ ခရိုင် မြိုင်မြို့နယ် ဒေါင်းအိုကြီး ရွာ ဇာတိ ဖြစ်သည်။ ဆရာတော် လောင်းလျာ ကို ခမည်း တော် ဦးမြသင်း မယ်တော် ဒေါ်ဒေါ်ချစ် တို့မှ ဖွားမြင်ခဲ့သည်။ ငယ်နာမည် မောင်အောင်ထယ် ဖြစ်သည်။ မွေးချင်း ၅ ယောက်ရှိ၏။ ၎င်းတို့မှာ ဦးဝါသဝ၊ ဦးမောင်ချယ်၊ ဒေါ်ကျင်စိန်၊ ဦးတိလောကသိရီ နှင့် ဒေါ်လှဆယ် တို့ ဖြစ်ကြပါသည်။ မိဘ များမှာ တောင်သူ လုပ်ငန်း လုပ်ကိုင် သူများ ဖြစ်ကြပါသည်။
၁၃ နှစ်သား အရွယ်တွင် ရှင်သာမဏေ ဘောင်သို့ ဝင်ရောက်ခဲ့သည်။ ယင်းနှစ် တွင်ပင် အဘိဓမ္မာ စာမေးပွဲကို အောင်ခဲ့ပါသည်။ အသက် ၂၀ တွင် ညောင်တုန်းမြို့ ရွှေဟင်္သာ တောရ ကျောင်းတိုက် ဆရာတော်ကြီး ဦးဇာဂရ အား ဥပဇ္ဈာယ် ပြု၍ မြင့်မြတ်သော ရဟန်းဘဝ သို့ ရောက်ရှိ တော်မူသည်။ အသက် ၂၃ တွင် ဓနုဖြူမြို့ တောင်ပေါ်တိုက် သို့ ပြောင်းရွှေ့ကာ ပညာ ဆက်လက် သင်ကြားသည်။ အသက် ၂၅ တွင် မြောင်းမြမြို့ တိုက်သစ် ပဇ္ဇော တာရုံ ကျောင်းတိုက် သို့ ပြောင်းရွှေ့ကာ ပညာ ဆက်လက် သင်ကြားသည်။ အသက် ၂၉ တွင် ဓမ္မာစရိယ စာမေးပွဲကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မြသိန်းတန် စာသင်တိုက်မှ ဖြေဆို အောင်မြင်တော်မူသည်။
ဆရာတော် မြောင်းမြမြို့ တိုက်သစ် ပဇ္ဇော တာရုံ ကျောင်းတိုက် ၌ ပညာ သင်ကြားနေစဉ်အတွင်း ထိုကျောင်းသို့ ဗီယက်နမ် ဘုန်းကြီး တစ်ပါးကြွရောက် လာခဲ့ပါသည်။ ဗီယက်နမ် ဘုန်းကြီး ၏ ပြောစကားများ ကို နားထောင်ယင်း ပြည်ပ သာသနာပြု လုပ်ငန်း ကို အထူး စိတ်ဝင်စား လာခဲ့ပါသည်။ ထိုအချိန်မှ စ၍ ပြည်ပတွင် သာသနာပြုရန် အခွင့်အရေး ကိုရှာဖွေ စောင့်မျှော်ယင်း ဓမ္မာစရိယ တန်းအောင်မြင်ပြီးနောက် ခြောက်ထပ်ကြီး ဘုရားကြီးတိုက် ၌ ပိဋကတ် ကျမ်းစာများကို ဆက်လက် သင်ယူနေခဲ့ပါသည်။
၁၉၈၀ ပြည့်နှစ် နိုဝင်ဘာလ ၌ ထိုင်းနိုင်ငံသို့ ကြွရောက်ပြီး လန်းပမ်းမြို့ ထာ့မအို မြန်မာကျောင်း တွင် ဆရာတော်ကြီး အဂ္ဂ မဟာ ပဏ္ဍိတ ဘဒ္ဒန္တ ဓမ္မနန္ဒ ၏ အရိပ်ကို ခိုလှုံလျှက် လက်ထောက်စာချ အဖြစ် တာဝန်ထမ်းဆောင်ကာ ပြည်ပ သာသနာပြု လုပ်ငန်း ကို စတင် ခဲ့ပါသည်။
ထာ့မအိုကျောင်း (Wat Tamaoh) မှာ လန်းပမ်းမြို့ နေ မြန်မာ သစ်ကုန်သည်ကြီး ဦးစံအုန်း က ၁၈၉၄ ခုနှစ်တွင် ဆောက်လုပ် လှူဒါန်းခဲ့သော မြန်မာကျောင်း ဖြစ်ပါသည်။ ကျောင်းထိုင် ဆရာတော်ကြီး ဦးဓမ္မနန္ဒ သည် မကွေးတိုင်း ရေစကြိုမြို့နယ် သာစည်ရွာ ဇာတိ ဖြစ် သည်။ ထိုင်းနိုင်ငံ သာသနာရေးဌာန ၏ ဖိတ်ကြားချက်အရ ၁၉၅၇ ခုနှစ်မှ စ၍ လာရောက်ပြီး ထိုင်းရဟန်းတော် များ အား ပရိယတ္တိ စာပေများကို သင်ကြားပို့ချ နေခဲ့ခြင်း ဖြစ်ပါသည်။ ဆရာတော်ကြီး သည် စတုတ္ထ မြောက် ကျောင်းထိုင် ဆရာတော် ဖြစ်ပါသည်။
ဆရာတော်ကြီး ဦးဓမ္မနန္ဒ ၏ အုပ်ထိန်းမှု အောက် တွင် ရှိသော လန်းပမ်းမြို့ ဝပ်ပါဖန် မြန်မာကျောင်း ၌ ကျောင်းထိုင် လစ်လပ် သောအခါ ဆရာတော်ကြီး ၏ တာဝန်ပေးချက် အရ ဦး တိလောက သိရီ သည် ဝပ်ပါဖန် ကျောင်းသို့ ရွှေ့ပြောင်းပြီး ဒဿမ မြောက် ကျောင်းထိုင် ဆရာတော် အဖြစ် တာဝန်ယူ ခဲ့ပါ သည်။
ဝပ်ပါဖန် (Wat Pa Fang) သည် လန်ပမ်း လေဆိပ်၊ မြို့အဝင် လမ်းပေါ်တွင် တည်ရှိသည်။ မြန်မာ လူမျိုး သစ်ကုန်သည် သူဌေးကြီး ဦးရွှေအတ် က ၁၈၉၂ ခုနှစ်တွင် ဆောက်လုပ်လှုဒန်း ခဲ့သည်။ ကျောင်းဝင်းမှာ ၁၁,၈၄၀ စတုရန်းမီတာ (၃ ဧက ခန့်)ကျယ်ဝန်းသည်။ ထင်းရှားသော သာသန အဆောက်အဦ များမှာ ကျောင်းတော်ကြီး၊ သိမ် နှင့် စေတီ တို့ဖြစ်ကြသည်။ ကျောင်းတော်ကြီးသည် ကျွန်းလုံးတိုင်ကြီးများ ဧရာမ ကျွန်းသား ပျဉ်အခင်းများ ဖြင့် ကြီးကျယ် လှသည်။
ထိုင်းနိုင်ငံ လန်းပမ်းမြို့ ဝပ်ပါဖန် မြန်မာကျောင်း Wat Pa Fang, Lampang, Thailand
ဆရာတော် ဦးတိလောကသိရီ ရောက်ရှိချိန်တွင် နှစ်ပေါင်း ကိုးဆယ်ခန့် အိုမင်းနေသော ကျောင်းမှာ ဇရာထောင်း သည် ဖြစ်၍ အတော်ယိုယွင်း နေလေပြီ။ ဆရာတော် သည် ကျောင်းကြီး တာရှည် တည်တန့်ရန် ရည်ရွယ်၍ ရောက်သည့်နေ့မှစပြီး စတင်ပြုပြင်ခဲ့ရသည်။
ဆွေးမြေ့ နေသော တချို့ ကျွန်းလုံးတိုင်ကြီးများ ကို ဖြတ်တောက် အစားထိုးခြင်း ၊ အောက်ချေတွင် ကွန်ကရစ် တိုင်များဖြင့် လဲလှယ်ခြင်း ၊ ကြမ်းခင်း နှင့် အကာ များကို လဲလှယ် အစားထိုးခြင်း ၊ တို့ကို ဆောင်ရွက် ရသည်။ သိမ်တော်ကြီးကိုလည်း ပြုပြင်ရသည်။ ဇရပ် ရေတွင်း ရေကန် တို့ကိုလည်း ပြုပြင်ရသည်။ ရန်ကုန်မြို့ ဆူးလေ စေတီတော်ကြီးနှင့် တပုံစံတည်း တူသော ကျောင်းဝင်းအတွင်း မှ ဉာဏ်တော် ၁၅၂ ပေအမြင့်ရှိ စေတီကို ပြုပြင်ပြီး ရွှေသင်္ကန်း ကပ်လှုပူဇော်ခဲ့သည်။
ဆရာတော်သည် ကျောင်းဝင်းအတွင်း ရှိ သစ်ပင်ကြီးများကို မချွတ်မယွင်း မပျက်မစီး စေဘဲ မြက်ခင်းများ ပုဏ္ဏားရိတ်ပန်း ခတ္တာပန်း ဗာဒံ စကားပင် သရက် အုန်း ထန်း အစရှိသော ပန်းမန် သစ်ပင် တို့ဖြင့် ကျောင်းတော်ကြီးအား လှပတင့်တယ် အောင် ခေတ်အမြင် ခေတ်အတွေး ဖြင့်ပြုပြင်ခဲ့သည်။ မကြာမီ ဝပ်ပါဖန် သည် သာယာစိုပြည်သော နေချင့်စဖွယ် ကျောင်းတော်ကြီး ဖြစ်လာခဲ့သည်။
သို့ရာတွင် ထိုင်းနိုင်ငံသည် မြန်မာ ရဟန်းတော်များအား ငါးနှစ်အထိသာ နေခွင့်ပြု သည်ဖြစ်၍ ဆရာတော် ဦးတိလောကသိရီ သည်လည်း ရရှိထားသော နေခွင့်သက်တန်း ကုန်ဆုံးလျှင် ဝပ်ပါဖန် အား စွန့်ခွါရပါမည်။
သို့ပါ၍ ဆရာတော် သည် ဝပ်ပါဖန် ကျောင်းတော်ကြီး တွင် ကျောင်းထိုင်ဆရာတော် အဖြစ် တာဝန်ထမ်းဆောင်သော လေးနှစ်တာ ကာလအတွင်း ကျောင်းပြုပြင်ခြင်း၊ စာပေ ပို့ချခြင်း၊ တရားဓမ္မ ဟောကြားခြင်း၊ ကမ္မဌာန်း တရား ပြသခြင်း၊ မြန်မာမှု မြန်မာပွဲလန်း သဘင် များကို မြန်မာကျောင်း အတွင်း စည်ကားအောင် ခွင့်ပြုတော် မူခြင်း စသည့် လုပ်ငန်း တို့ကို မနေမနား လုပ်ဆောင်ပေးခဲ့ပြီး ခံ့ညား ထည်ဝါသော ဝပ်ပါဖန် မြန်မာကျောင်းတော်ကြီးအား ၁၉၈၇ ခုနှစ် တွင် စွန့်ခွါခဲ့ကာ မလေးရှား နိုင်ငံ ပီနန် ဓမ္မိကာရာမ ကျောင်း ဆရာတော်ကြီး ဦးပညာဝံသ ၏ အရိပ်အောက်သို့ ရွှေ့ပြောင်း ခိုလှုံ ခဲ့ပါသည်။
နှစ်ပေါင်း ၂၀ဝ နီးပါး သက်တမ်းရှိပြီ ဖြစ်သော ပီနန် ကျောင်းကြီးအား ဆရာတော်ကြီး ဦးပညာဝံသ မွန်းမံ ပြင်ဆင် နေချိန်တွင် ဦးတိလောကသိရီ ရောက်လာခြင်း ဖြစ်သည်။ ဦးတိလောကသိရီ အတွက် အခွင့် ထူးကောင်း ဖြစ်သည်။ ဆရာတော်ကြီး အား ကူညီယင်း ကျောင်း မွန်းမံ ပြင်ဆင် ခြင်းလုပ်ငန်း အတွေ့အကြုံ ဆည်းပူးရသည်။
သို့သော်လည်း မလေးရှား နိုင်ငံ တွင် တာရှည် နေခွင့်မကြုံ ခဲ့ပါ။ တစ်နှစ် မပြည့်မီ အတွင်း ၁၉၈၈ ခုနှစ်တွင် စင်္ကာပူနိုင်ငံ သို့ ရွှေပြောင်းပြီး ဆရာတော် ဦးဉာဏိက ထံမှ မဟာ သာသနရံသီ ကျောင်းတော်ကြီး၏ ကျောင်းထိုင် တာဝန် နှင့် ဝတ္တရား များကို လွှဲပြောင်းယူခဲ့ရသည်။ သို့နှင့် ဆရာတော် ဦးတိလောကသိရီ သည် စင်္ကာပူနိုင်ငံ မဟာ သာသနရံသီ ကျောင်းတော်ကြီး၏ ဒုတိယ ကျောင်းထိုင် ဆရာတော် ဖြစ်လာခဲ့ပါသည်။
စင်္ကာပူနိုင်ငံ ရှိ မြန်မာကျောင်း ကို ၁၈၇၅ ခုနှစ်ကတည်းက တည်ထောင်ထားခဲ့သော်လည်း ၁၉၈၅ ခုနှစ်ကျမှ ကျောင်းထိုင်ဆရာတော် ရရှိခဲ့ပါသည်။ ပထမ ကျောင်းထိုင်ဆရာတော် မှာ ဦးဉာဏိက ဖြစ်ပါသည်။ ဆရာတော် ဦးဉာဏိက သည် ထိုင်းနိုင်ငံ မဲစရီးယမ်း (Mae Sariang) ရှိ ဝပ်မန္တလေး မြန်မာကျောင်းမှ ကျောင်းထိုင် ဆရာတော် ဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ မြန်မာ သံဃာတော်များ အဖွဲ့ ၏ တာဝန်ပေးချက်အရ စင်္ကာပူနိုင်ငံ မြန်မာကျောင်း တွင် လာရောက် ကျောင်းထိုင် ရခြင်း ဖြစ်သည်။ ကင်းတားလမ်း ကျောင်းတွင် စတင် သီတင်း သုံးရသည်။ တိုင်ကျင်းလမ်း ယာယီကျောင်းသို့ ပြောင်းရွှေ့သည်အထိ တာဝန်ယူခဲ့သည်။ ၁၉၈၈ ခုနှစ် ကျောင်းထိုင်ဆရာတော် တာဝန်ကို ဦးတိလောကသိရီ အား လွှဲပေးပြီးသောအခါ ထိုင်းနိုင်ငံ မဲစရီးယမ်း ရှိ ဝပ်မန္တလေး မြန်မာကျောင်း သို့ ပြန်ကြွပြီး ကျောင်းထိုင်တော်မူသည်။
ဆရာတော် ဦးတိလောကသိရီ သည် ယာယီ ကွန်တိန်နာ ကျောင်းလေးတွင် သီတင်းသုံးယင်း ကျောင်းတည် ဆောက်ရေး လုပ်ငန်းများ နှင့် အလှူငွေ ရရှိရေး တို့ကို ဆရာတော်ကြီး ကိုယ်စား ကြည့်ကြပ် ရသည်။ ဆရာတော် ဦးစန္ဒဝံသ နှင့် ဆရာတော် ဦးဂန္ဓသာရ တို့သည်လည်း ဦးတိလောကသိရီ နှင့်အတူ သာသနာ့ တာဝန်များကို ထမ်းရွက် ကြရသည်။ ဆရာတော်များ အဖို့ အလုပ်အများ ဆုံး နှင့် အပင်ပမ်းဆုံး အချိန်များ ဖြစ်ခဲ့ပါသည်။
ဆရာတော် ဦးတိလောကသိရီ ရောက်ရှိချိန်က ယာယီ ကွန်တိန်နာ ကျောင်းလေးသည် ယခု အနှစ် ၃၀ အကြာတွင် မြန်မာနိုင်ငံ ပြင်ပရှိ အကြီးဆုံး ကျောက်ဆင်းတုတော်ကြီး စံမြန်းနေသော မဟာသာသနရံသီ ကျောင်းတိုက်ကြီး ဖြစ်နေလေပြီ။ မြန်မာ့ဗိသုကာ များကိုယ်တိုင် ပုံစံရေးဆွဲ ဆောက်လုပ်ထား၍ မြန်မာဆန်ဆန် လှပသော ကျောင်းအဖြစ် ထင်ရှားနေလေပြီ။ မြန်မာ့ ကျွန်းသစ် ပန်းပု လက်ရာ များဖြင့် ကြက်သရေ ရှိလှသည်။ မြန်မာ့ ပန်းတော့ အနုပညာ လက်ရာ များဖြင့် ထည်ဝါ ခန့်ညား နေသည်။
ကျောင်းတော်ကြီးတွင် နှစ်လုံးပေါက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲများ နှင့် ဘာသာရေးပွဲများ ကျင်းပပါသည်။ မြန်မာကလေးငယ်များ နှင့် စိတ်ဝင်စားသူ စင်ကာပူ ကလေးငယ်များ အား အခြေခံ ဘာသာရေး နှင့် ယဉ်ကျေးလိမ်မာ သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက် ရှိပါသည်။ လောကုတ္တရာရေး တွင် နောက်ကျန်မနေရစ် ခဲ့စေရန်အတွက် ဝိပဿနာ သင်တန်းများကို တပါတ် ၄ ကြိမ် ပုံမှန် စခန်း ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါသည်။ ဆရာတော် ဦးတိလောကသိရီ ၏ အရိပ်အာဝါသ အောက်တွင် ဗုဒ္ဓဘာသာဝင် လူအများ ပျော်ရွှင်ချမ်းမြေ့ စွာဖြင့် လောကီ လောကုတ္တရာ အကျိုးနှစ်ဖြာ ရရှိကြပါသည်။
ဆရာတော်၏ အောင်မြင်သော ပြည်ပ သာသနာပြု လုပ်ငန်းကို အသိအမှတ် ပြုသောအားဖြင့် မြန်မာအစိုးရမှ “မဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်” ကို ၂၀၁၃ ခုနှစ်တွင် ဆက်ကပ်လှူဒန်း ပူဇော်ခဲ့ ပါသည်။
Venerable Sayardaw U Tilokasiri (Burmese: ဦးတိလောကသိရီ) (1948 – ) was born in Pakokku town, a major Buddhist learning centre in central Myanmar. He entered monkhood at the age of 13 and attained higher ordination at the age of 20. He graduated Dhammacariya (Teacher of the Dhamma) at the age of 29.
He has developed a passion to teach Buddhism overseas since he was young. He seized his first chance to be a lecturer at Wat Tamaoh temple of Thailand in 1980, and became one of the resident monks at the temple. Later he was nominated by Sayardaw U Dhamma Nanda to become chief resident monk at Wat Pa Fang Burmese Buddhist Temple in Thailand.
He supervised a major renovation work of the 90-year-old temple, which was established in 1892, and advised day to day temple activities and taught Buddha’s Dhamma to the local community. He arrived at Penang Burmese temple in 1987 under the guidance of Sayardaw U Pannavamsa. He was then assigned to reside at Singapore Burmese Buddhist Temple in 1988 owing to his experience and leadership provided to the Buddhist temples the region.
Since then, Sayardaw has been giving invaluable advises in temple functions and activities, from building maintenance to daily operations. Sayardaw received a prestigious title – Maha Saddhammajotika Dhaja – offered by Myanmar government in 2013 for his contributions to the Buddha Sasana. He was selected to become chief monk of Penang Myanmar Sangha Organisation in Malaysia, after passing of Venerable Sayardaw U Pannavamsa in Nov 2017. Meanwhile Sayardaw continues his duties as chief resident monk at Burmese Buddhist Temple in Singapore.
Activities
Let’s work together to promote Buddhism and peace and harmony
Volunteers can make enquiry for Burmese Language teaching, Information Technology and Temple Services opportunities.