Venerable Sumanasiri
ဆရာတော်ဘဒ္ဒန္တသုမနသီရိ
Chief resident Monk – Bio summary
နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့၊ နယူးလင်း ရတနာဒီပကျောင်းတော်ကြီး
ဆရာတော်ဘဒ္ဒန္တသုမနသီရိ ၏ ထေရုပ္ပတ္တိအကျဉ်းချုပ်
ဆရာတော်ဘဒ္ဒန္တသုမနသီရိ Venerable Sumanasiri
ရတနာဒီပဆရာတော် ဘဒ္ဒန္တသုမနသီရိ ကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ရွာသာရွာ၌ ခမည်းတော် ဦးကံတင်၊ မယ်တော်ဒေါ်မှတ်တင် တို့မှ မီးရှူးသန့်စင်ဖွားမြင်တော်မူပါသည်။
၁၃၄၆-ခုနှစ်၊ ဝါဆိုလဆန်း ၁၁-ရက်၊ နံနက် ၇-နာရီ၊ ၅၃-မိနစ်အချိန်တွင် စစ်ကိုင်းတောင်ရိုး၊ ထုံးဘိုရပ်ကွက်၊ ညောင်လေးပင်ကျောင်းတိုက် ခဏသိမ် စစ်ကိုင်းတောင်ရိုး အနန္တသူရိယချောင်ဆရာတော်ကြီး ဘဒ္ဒန္တပဏ္ဍိတ (အဂ္ဂမဟာ ပဏ္ဍိတ) မဟာထေရ်ကို ဥပဇ္ဈာယ်ပြု၍ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်ကျေးရွာ ဒေါ်သောင်းကြည်ညီမတစ်စုတို့၏ ပစ္စယာနိုဂ္ဂကိုခံယူပြီး မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဆရာတော်သည် ယခုအခါ သက်တော် ၅၄-နှစ်၊ ဝါတော် ၃၄-ဝါ သုဓမ္မာဂိုဏ်းဝင်ဆရာတော်ဖြစ်ပါသည်။
ပညာသင်ယူခဲ့သော ကျောင်းတိုက်၊ တက္ကသိုလ်များနှင့် ဆရာတော်၊ ဆရာ၊ ဆရာမများ
၁၃၄၄-ခုနှစ်မှ ၁၃၅၄-ခုနှစ် (1983-1993) အထိ ပညာသင်ယူခဲ့သော ဆရာတော်များမှာ
- စစ်ကိုင်းတောင်ရိုး၊ ညောင်လေးပင်ဆရာတော် ဦးကောဝိဒ၊ (သာသနာဓဇ သိရီပဝရ ဓမ္မာ စရိယ) မဟာဂန္ထဝါစက၊
- စစ်ကိုင်းတောင်ရိုး၊ မဂဒါဝုန်ဆရာတော် ဒေါက်တာပဏ္ဍိတာဝရာဘိဝံသ၊ သစအ၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ မန္တလေး၊ ပါမောက္ခချုပ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်၊ မော်ကွန်းထိမ်း၊
- စစ်ကိုင်းတောင်ရိုး၊ ဇေယျသိန်ဆရာတော် ဦးပညာသီရိ၊ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ)၊
- စစ်ကိုင်းတောင်ရိုး၊ ဇေယျသိန်ဆရာတော် ဦးတိက္ခ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ)၊
- မဟာသုဗောဓာရုံကျောင်းတိုက်၊ ဦးဝိသုဒ္ဓါစာရာဘိဝံသ၊ သစအ၊
- စစ်ကိုင်းတောင်ရိုး၊ ပါ ကာရီသုံးခွချောင်ဆရာတော် ဦးမဟောသဓာဘိဝံသ၊ သစအ၊
- ငါန်းဇွန်မြို့နယ်၊ ရွာသာရွာမဟာဗောဓိရိပ်သာဆရာတော် ဦးသုမင်္ဂလ၊
- စစ်ကိုင်းတောင်ရိုး၊ ညောင်လေးပင်ချောင် ဦးသောဘဏ၊
၁၃၅၄-ခုနှစ်မှ ၁၃၅၈-ခုနှစ် (1993-1996) အထိ ပညာသင်ယူခဲ့သောဆရာတော်များ
- နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မန္တလေး၊ ကထိကစာချဆရာတော်များဖြစ်ကြပါသည်။
၁၃၆၂-ခုနှစ်မှ ၁၃၆၄-ခုနှစ် (2000-2002) အထိ ပညာသင်ယူခဲ့သော ဆရာ၊ဆရာမများ
- မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး မှဆရာ၊ ဆရာမများ
၁၃၆၈-ခုနှစ်မှ ၁၃၇၃-ခုနှစ် (2007-2011) ပညာသင်ခဲ့သောဆရာများ
- နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့၊ နယူးဇီလန်တက္ကသိုလ် Te Wananga O Aoteroa (University of New Zealand) Auckland မှ တက္ကသိုလ်ဆရာ၊ ဆရာမများဖြစ်ကြပါသည်။
အောင်မြင်ခဲ့သော ရရိုသောဘွဲ့လက်မှတ်များ
- သာသနာ့ တက္ကသီလာဓမ္မာစရိယ (B.A. Buddhism) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မန္တလေး, 1998
- Certificate in Foreign Missionary Abbot Training Course, Mahasantisukha Buddha Sasana Centre, 2002
- Certificate in Social Work Level 4, Te Wānanga o Aotearoa (University of New Zealand), 2008
- Diploma in Social Work Level 6, Te Wānanga o Aotearoa (University of New Zealand), 2010
- Bachelor of Social Work (Biculturalism in Practice) Level 7, Te Wānanga o Aotearoa (University of New Zealand), 2011
သာသနာပြုဆောက်ရွက်ချက်များ
- စစ်ကိုင်းတောင်ရိုး၊ ညောင်လေးပင်ကျောင်းတိုက်တွင် မူလတန်း၊ အငယ်တန်း၊ အလတ်တန်းစာဝါများ ပို့ချခြင်း၊
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝအထူးဒေသ၊ တန့်ယန်းမြို့၊ ဝေဠုဝန်ပရိယတ္တိစာသင်ကျောင်း၌ တောင်တန်းသာသနာပြု၊ လုပ်ငန်းလုပ်ဆောင်ခြင်း၊
ယခုအခါ နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့၊ ရတနာဒီပမြန်မာကျောင်းတော်ကြီး၌ ၂၀၀၂-ခုနှစ်မှစ၍
- အပတ်စဉ်နိုင်ငံခြားရောက်မြန်မာတိုင်းရင်းသားကလေးငယ်များအား မြန်မာစာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို ပို့ချသင်ကြားပေးနေခြင်း၊
- နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့၊ Mt. Eden အကျဉ်းထောင်တွင် အကျဉ်းသားများအား အခါအားလျှော်စွာ တရားယောခြင်း၊ တရားပြခြင်းများကို စေတနာ့ဝန်ထမ်း Buddhist Chaplin အဖြစ်ထမ်း ဆောင်နေခြင်း၊
- နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့ရှိ ဆေးရုံများတွင် အခါအားလျှော်စွာ လူနာများအား တရာဟော အားပေးစကားပြော စေတနာ့ဝန်ထမ်း Buddhist Chaplin အဖြစ်ထမ်း ဆောင်နေခြင်း၊
- နယူးဇီလန်တွင် အခြေချနေထိုင်ကြသော မြန်မာပြည်တိုင်းရင်းသာများအား ရှင်ပြုရဟန်းခံခြင်းစသော ဗုဒ္ဓဘာသာပွဲတော်များကျင်ပခြင်း၊ တရားဟော၊ တရားပြခြင်းနှင့် ၎င်းတို့၌တွေ့ကြို့နေရသော Social Issues အခက်ခဲများကို ကူညီဆောင်ရွက်ပေးခြင်း၊
- ဗုဒ္ဓဘာသာကိုစိတ်ဝင်စားကြသောနိုင်ငံခြားသားများအား တရားဟော၊ တရားပြခြင်းစသော နိုင်ငံခြားသာသနာပြုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။
Ven. Sumanasiri’s Bio Summery
Sumanasiri was born in Myanmar (Burma) in 1965. He entered to monk-hood since 14 years old. He studied Buddhism his whole life and graduated from the State Paritti Sasana University, Mandaly, Myanmar in 1996. He achieved postgraduate diploma from Mahasantisukha Missionary School in 2001. He arrived to New Zealand in 2002 to teach Buddhism for the Burmese Community members and other interested people. He graduated Bachelor in Social work from Te Wananga o Aotearoa in 2011. He is the principle leader of Auckland Myanmar Buddhist Association Trust and the abbot of Ratanadipa Buddhist Temple, New Lynn, Auckland. He helps Burmese community who needs with various social issues.
Activities
Let’s work together to promote Buddhism and peace and harmony
Volunteers can make enquiry for Burmese Language teaching, Information Technology and Temple Services opportunities.